Donation

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တော်တွင် တည်ဆောက်ဖွင့်လှစ်မည့်

စင်္ကာပူ ဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး
cropped-b-1.jpg
ဝမ်းမြောက်ဖွယ် သတင်းကောင်း

ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တ ပညာဝံသ၊ စင်္ကာပူနိုင်ငံ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော် ကြီး၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတိလောကသိရီ၊ စစ်ကိုင်း ကျစွာဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တလက္ခဏတို့၏ လမ်းညွှန်မှု သြ၀ါဒကို ခံယူလျှက် စင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို မြန်မာနိုင်ငံ ရန်ကုန်မြို့ ပုလဲမြို့သစ်တွင် ကျစွာဆရာတော်ကြီး လှူဒါန်း ချီးမြှင့်တော်မူအပ်သော ကျောင်း မြေနေရာကြီးပေါ်တွင် တည်ဆောက် ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။

ဤစင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော် ကြီးကို စင်္ကာပူနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်ကြီး၏ ပုံစံအတိုင်း တည်ဆောက်မည်ဖြစ်ပါ၍ ပါရမီရှင် ကုသိုလ်ရှင် သူတော်စင်များအနေဖြင့် ပါရမီကုသိုလ် အခွင့်ထူး အခွင့် ကောင်းကြီးကို လက်မလွတ်တမ်း ရယူနိုင်ကြရန် အသိပေး နှိုးဆော် လိုက်ရခြင်း ဖြစ်ပါည်။

ရည်ရွယ်ချက်

(၁) မြတ်ဗုဒ္ဓ၏ တရားတော် ဓမ္မရောင်ခြည်တော်များ အစဉ်အမြဲ နေလိုလလို ထွန်းလင်းတောက်ပ ထာဝရတည်ရှိ ပြန့်ပွားနေစေရန် အလို့ငှါလည်းကောင်း၊

(၂) ရဟန်းတော်များအတွက် ပြည်တွင်းပြည်ပ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နိုင်စေရေးအတွက် သင်တန်များ ပို့ချပေးရန် အလို့ငှာလည်းကောင်း၊

(၃) ရဟန်းရှင်လူ ပြည်သူများအတွက် သမထ၀ိပဿနာ ဘာဝနာတရားများ သင်ယူအားထုတ် နိုင်စေရန်အလို့ငှာလည်း ကောင်း၊

(၄) ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ၊ တရုပ်စာ စသော ဘာသာစကား သင်တန်းများ ပို့ချပေးရန် အလို့ငှာလည်းကောင်း။

(၅) အဘိဓမ္မာသင်တန်း၊ ဓမ္မသင်တန်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ စသောသင်တန်းများနှင့် အခြားသော လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် အလို့ငှာလည်းကောင်း စိတ်ရည်သန်လျှက် ဤကျောင်းတော် ကြီးကို တည်ဆောက် ဖွင့်လှစ်ရခြင်းဖြစ်ပါသည်၊

ကျောင်းလှူရကျိုး (၇)မျိုး

စေတနာသုံးတန် ပြဓာန်း၍ သာသနိကကျောင်း အဆောက်အဦး လှူဒါန်းသူတို့သည် –
၁။ လူ့ပြည် နတ်ပြည်တို့၌ ဖြစ်ရခြင်း၊
၂။ စိတ်ဖြင့်တောင့်တရုံမျှဖြင့် အဆောက်ဦး ရရှိခြင်း ၊
၃။ ထိတ်လန့်ခြင်းမှ ကင်းဝေးခြင်း၊
၎။ အဆိပ်အတောက်နှင့် မကောင်းမိစ္ဆာတို့ မနှောင့်ယှက်နိုင်ခြင်း၊
၅။ အိပ်မက်ကောင်းများကိုသာ မြင်မက်ရခြင်း၊
၆။ စိတ်ထားတည်ကြည်ခြင်း၊
၇။ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်ရခြင်း။

ကောင်းရာ လားရောက်၊ ဗိမာန်ပေါက်၍၊ ကြောက်လန့်ကင်းစွာ၊ သားရဲခွာလျက်၊ အိပ်မက်ကောင်းမြင်၊ သတိထင်သည်၊ စံဝင်နိဗ္ဗာန် ကျောင်းကျိုးတည်း။ (မ၊၁၊၁၂)

ကျောင်းကိုလှူဒါန်းခြင်းသည် ကိုယ်ခွန်အား၊ အဆင်း၊ ချမ်းသာ၊ မျက်စိတို့ကို လှူဒါန်းသည်မည်၏။ (သံ၊ ၁-၂၉။ ဝိ၊ ဋ္ဌ-၄-၅၈)

ကျောင်းအလှူ၏ အကျိုးအာနိသင် ကြီးမားပုံကို ဘုရားရှင်မှတပါး အဘယ်သူသည် ကုန်စင်အောင် ဟောပြနိုင်စွမ်း ရှိပါအံ့နည်း။ ပါးစပ်ပေါင်း တစ်သောင်းရှိသော ပုဂ္ဂိုလ်သော်မှ ကုန်စင်အောင် ဟောပြနိုင်စွမ်း မရှိချေ။ (ဗုဒ္ဓဝင်၊ ဋ္ဌ-၂၅)

ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ပုလဲမြို့သစ်တွင် “စင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး” ဖြစ်မြောက်ရေးအတွက် ဆရာ ဒကာ လက်တွဲညီညာကာဖြင့် ကြိုးစား အားထုတ်ကြမည်ဖြစ်ပါ၍ စေတနာရှင်များက ဤကုသိုလ်ထူး အခွင့်ကောင်းကြီးကို သဒ္ဓါတရားအလျောက် ပါဝင်လှူဒါန်းကာ ကျောင်းဒါယကာ ကျောင်းဒါယိကာမများအဖြစ် ခံယူနိုင်ကြရန် နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန် –

(၁) ဆရာတော် အရှင်ဥဇ္ဇောတ (ဖုန်း) – +(65) 8133 3612

POSB AC No – 153-79290-9

Email: venujjota@gmail.com

အလှူငွေလွှဲပြီးပါက
၁) အလှုရှင်၏ နာမည် အပြည့် အစုံ၊
၂) လှုဒါန်းသည့် အကြောင်းအရာ
၃) လွှဲသည့် ပမာဏ
၎) လွှဲသည့် နေ့ရက်

စသည်များကို venujjota@gmail.com သို့ email ပို့ပေးပါရန်လည်း မေတ္တာ ရပ်ခံပါသည်…

ကျောင်းအလှူကုသိုလ် ရယူလိုသူများအတွက်
စင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှာ
လှူဒါန်းနိုင်သည့် အခွင့်ထူးများ

သူတော်စင်အပေါင်းတို့အား အသိပေးအပ်ပါသည် –

မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တွင် တည်ဆောက်ဖွင့်လှစ်မည့် စင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးမှာ အောက်ပါကျောင်းဆောင်ကြီး၏ နေရာဌာန အသီးသီးတို့မှာ မိမိတို့ဆန္ဒအလျောက် ထည့်ဝင်လှူဒါန်းကာ ကျောင်းအလှူကုသိုလ် ရယူနိုင်ကြပါသည်။ လှူဒါန်းနိုင်သည့် ကျောင်းနေရာဌာနတို့မှာ –

(၁) ကျောင်းဆောင်ကြီး၏ အခန်းများအတွက်
(၂) ဘုရားခန်းသုံးခန်းအတွက်
(၃) စာသင်ခန်းများအတွက်
(၄) စာကြည့်တိုက်အတွက်
(၅) ကျက်သရေခန်းများအတွက်
(၆) ဆွမ်းချက်ဆောင်အတွက်
(၇) အ၀င်တံခါးမကြီးအတွက်
(၈) ပြူတင်းတံခါးပေါက်များအတွက်
(၉) ကျောင်းဆောင်တွင်းရှိ လျှပ်စစ်မီးများအတွက်
(၁၀) ပန်ကာများအတွက်
(၁၁) ကျောင်းအုတ်တံတိုင်းအတွက်
(၁၂) ဆရာတော်များ သီတင်းသုံးသည့် အခန်းများအတွက်
(၁၃) ရေချိုးခန်းများအတွက်
(၁၄) ဧည့်ခန်းများအတွက်
(၁၅) ကျောင်းတော်ကြီး၏ အမိုးများအတွက်

စသည် စသည် မိမိတို့ သဒ္ဓါတရားအလျောက် လှူဒါန်းကြကာ ကျောင်းဒကာ ကျောင်းဒကာမများအဖြစ် ခံယူနိုင်ကြပါပြီ။

(၁) ကျောင်းဆောင်တစ်ပေပတ်လည်လျှင် S$ 30
(၂) ကျောင်းဆောင် (၁၀)ပေပတ်လည် S$ 300
(၃) ဘုရားခန်း (၁)ခန်းလျှင် S$ 7,808
(၄) စာသင်ခန်း (၁)ခန်းလျှင် S$ 3,904
(၅) ကျက်သရေခန်း (၁)ခန်းလျှင် S$ 1,760
(၆) ဆွမ်းချက်ခန်းအတွက်လှူလိုလျှင် S$ 7,529
(၇) စာကြည့်တိုက်အတွက်လှူလိုလျှင် S$ 15,616
(၈) အ၀င်တံခါးမကြီးအတွက်လှူလိုလျှင် S$ 689
(၉) ) ပြူတင်းတံခါးပေါက် (၁)ပေါက်လျှင် S$ 459
(၁၀) လျှပ်စစ် မီးသီး/ မီးချောင်းအတွက် S$ 100
(၁၁) ပန်ကာ (၁)ခုလျှင် S$ 100
(၁၂) ကျောင်းအုတ်တံတိုင်း (၁)ခန်းလျှင် S$ 666
(၁၃) ဆရာတော်များသီတင်းသုံးသည့် အခန်း(၁)ခန်းလျှင် S$ 3,904
(၁၄) မှန်လည်ပေါက် (၁)ပေါက်လျှင် S$ 219
(၁၅) ကျောင်းခန်းဆောင် တံခါး(၁)ပေါက်လျှင် S$ 368

စသည် စသည် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ မိမိတို့ သဒ္ဓါတရားအလျောက် လှူဒါန်းကြကာ ကျောင်းဒကာ ကျောင်းဒကာမများအဖြစ် ခံယူနိုင်ကြပါပြီ။

မေတ္တာဖြင့် –
ဆရာတော် အရှင်ဥဇ္ဇောတ
(ဖုန်း – 81333612)

ဗုဒ္ဓလက်ထက်တော်က ထင်ရှားသော ကျောင်း ဒကားများ

ရာဇဂြိုဟ်သူဌေးသည် တနေ့တည်းဖြင့် ကျောင်းပေါင်း ၆၀ ဆောက်လုပ်လှူဒါန်းသည်။ (ဝိ၊၄-၂၉၁)။
အနာထပိဏ် သူဌေးကြီးသည် ၅၄-ကုဋေ အကုန်အကျခံ၍ ဇေတဝန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းသည်။
ဝိသာခါသည် ပုဗ္ဗာရုံကျောင်းတိုက်ကြီးကို ၂၇-ကုဋေ အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းသည်။

သီရိဓမ္မာသောကမင်းကြီးသည် အသောကာရုံကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းသည်။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်ကို ရည်ရွယ်၍ ၉၆-ကုဋေ အကုန်အကျခံကာ တမြို့လျှင် တစ်ကျောင်းကျစီ ကျောင်းပေါင်း ရှစ်သောင်း လေးထောင် ဆောက်လုက်လှူဒါန်းသည်။

ဗိမ္ဗိသာရမင်းကြီးသည် သူ၏ ဝေဠုဝန်ဥယျာဉ်ကြီးကို ကျောင်းတိုက်အဖြစ် လှူဒါန်းသည်။

နန္ဒိယသူဌေးသည် ဣသိပတန မိဂဒါဝုန်တောအတွင်း၌ ကျောင်းတော်ကြီး ဆောက်လုပ်၍ ကုဋင်ညောင်စောင်းများပါ လှူဒါန်းသည်။ ရေစက်သွန်းချသည်နှင့်တပြိုင်နက် တာဝတိံသာ နတ်ပြည်၌ အကျယ် ၁၂-ယူဇနာ၊ အမြင့် ယူဇနာ ၁၀၀-ရှိ၍ (ရတနာ ၇-ပါး) အတိပြီးသော နတ်သမီးအပေါင်း အခြံအရံပါရှိသည့် နတ်ဘုံပြသာဒ် ပေါ်ထွက်ခဲ့သည်။ (ဓမ္မပဒ၊ ဋ္ဌ-၂-၁၈၉၊ ၁၉၀)။

အရှင်အနုရုဒ္ဓါ၏ နှမ ရောဟိနီ သာကီဝင်မင်းသမီးသည် နှစ်ထပ်ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်လှူဒါန်းသည်။ ကိုယ်ရေပြားရောဂါ ပျောက်ကင်းသည်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂-၁၉၂)။

မာဃလုလင်အမှူးပြုသော ၃၃-ယောက်သော အမျိုးသားတို့သည် လမ်းခင်း-လမ်းပြင်ခြင်း၊ လမ်းဆုံ လမ်းမများ၌ လူအများ အပန်းဖြေ နားနေနိုင်ရန် ဇရပ်များ ဆေက်လုပ် လှူဒါန်းခဲ့ကြသည်။ တာဝတိံသာနတ်ပြည်၌ နတ်များဖြစ်ကြသည်။ (ဓမ္မပဒ၊ဋ္ဌ၊၁-၁၆၉)။

Leave a reply to Dhammaramsi Cancel reply