About
စင်္ကာပူဓမ္မရောင်ခြည် ဆရာတော် အရှင်ဥဇ္ဇောတ (Toa payoh ကျောင်းတော်ကြီး) ၏ အတ္ထုပ္ပတ္တိအကျဉ်း
ဘွဲ့အမည် အရှင်ဥဇ္ဇောတ
သက်တော်၊သိတ္ခာတော် (၄၇)နှစ်၊ (၂၇)၀ါ
ကျာင်းအမည် မဟာသာသနရံသီ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်ကြီး (Toapayoh)
လိပ်စာ 14, Tai Gin Road, (Off Ah hood Road), Singapore 327873
ဖုန်း (+65) 8133 3612, 62511717
Email: venujjota@gmail.com
- ဆရာတော်လျောင်းလျာ ဖွားမြင်တော်မူခြင်း
၁၉၆၈-ခု၊ ဇူလိုင်လ (၁၄)ရက်၊ တနင်္ဂနွေနေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာတွင် ခမည်းတော် ဦးအောင်ငွေ+ မယ်တော် ဒေါ်ကြည်ယဉ်တို့မှ ဖွားမြင်သည်။
- သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခြင်း
အသက် (၁၃)နှစ် အရွယ်တွင် သာသနာဘောင်သို့ ရှင်သာမဏေအဖြစ်ဖြင့် စတင်ရောက်ရှိခဲ့သည်။
- ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
အသက် (၂၀)အရွယ်တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာ ရွှေမုဋ္ဌောကျောင်း ဆရာတော် ဦးအရိယ၀ံသကို ဥပဇ္ဈာယ်ပြုလျှက် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
- စာပေပရိယတ္တိ၊ ပဋ္ဋိပတ္တိ သင်ယူဆည်းပူးတော်မူခြင်း
ဗုဒ္ဓဘာသာ စာပေပရိယတ္တိများကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မြင်းခြံ စသော စာချအကျော် ဆရာတော်ကြီးများထံ နည်းခံ သင်ကြားခဲ့သည်၊ သက်တော် (၂၄)နှစ် သိက္ခတော် (၅)၀ါ အရတွင် အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်၊ ရန်ကုန်မြို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု သင်တန်းကျောင်းတော်ကြီးတွင် ပြည်တွင်း ပြည်ပ ဗုဒ္ဓသာသနာပြုနှင့် အင်္ဂလိပ်စာ၊ တရုတ်စာ၊ ကွန်ပျူတာတို့ကို သင်ယူခဲသည်။ ထိုင်ဝမ်နိုင်ငံ Yan Kwan Buddhist University တွင် မဟာယာနဗုဒ္ဓဘာသာနှင့် တရုတ်ဘာသာ စာပေတို့ကို သင်ယူခဲ့သည်။ သီရိလင်္ကာနိုင်ငံ Buddhist and Pali University မှ M. A. (မဟာဝိဇ္ဇာ) ဘွဲ့ကို ရရှိခဲ့သည်။ ပဋိပတ္တိ ၀ိပဿနာ သင်ယူအားထုတ်ခြင်းကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာကြီးတွင် သင်ယူ ဆည်းပူး အားထုတ်ခဲ့သည်။
- စာပေသင်ကြားပို့ချခြင်း
ပဲခူးမြို့၊ ကြခတ်ဝိုင်း ပရိယတ္တိ စာသင်တိုက်ကြီးတွင် ရဟန်း၊ သာမဏေတို့အား ဗုဒ္ဓဘာသာ စာပေပရိယတ္တိများကို သင်ကြား ပို့ချပေးတော်မူခဲ့သည်။
သာသနာရေးဆောင်ရွက်မှုများ
- ပြည်တွင်းသာသနာပြုတော်မူခြင်း
မန္တလေးတိုင်း၊ မြင်ခြံမြို့နယ်၊ ရသာကျေးရွာတွင် အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း နှင့် အထက်တန်းကျောင်းဆောင်တို့ကို ဆောက်လုပ်လှူဒါန်းခဲ့သည်၊ ထို့ပြင် ဘ၀အလင်းပြ စာကြည့်တိုက်နှင့် ဓမ္မရောင်ခြည် ဓမ္မာရုံတိုကိုလဲ ဆောက်လုပ် လှူဒါန်းခဲ့သည်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းတို့ကို သင်ကြားပို့ချပေးခြင်း၊် ဓမ္မစကြာဝတ်အသင်း၊ ပရိတ်ကြီးဝတ်အသင်းများ ဖွဲ့စည်းခြင်းစသော သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ စင်္ကာပူဓမ္မရောင်ခြည် ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ဖွင့်လှစ်တည်ထောင်ရန် ဆောက်လုပ်လျက်ရှိသည်။
- ပြည်ပသာသနာပြုတော်မူခြင်း
စင်္ကာပူနိုင်ငံ မဟာသာသနရံသီ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတွင် အင်္ဂလိပ်၊ မြန်မာ (၂)ဘာသာ ဖြင့် ဓမ္မသင်တန်းများ သင်ကြား ပို့ချပေးတော်မူခြင်း၊ ဗုဒ္ဓဘာသာ တရားတော်များ ဟောကြားပေးတော်မူခြင်း၊ ဓမ္မဆောင်းပါများ ရေးသားတော်မူခြင်းစသော သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Leave a comment
Comments 0